Self Confidence ရှိသည်သော်လည်း တခါတရံ မလွန်ဆန်နိုင်သောကြောင်းများ၊ အများနှင့်သဟဇာတဖြစ်အောင်နေထိုင်ဖို့လိုအပ်လာလျှင်
လွန်ခဲ့သော နှစ်ပေါင်းများစွာအကြာက ပြစ်သစ်ပြည်နယ် မာဆေးဆိပ်ကမ်းမြို့မှာ ဒန်ဒီအမည်ရှိတဲ့ Architect ပညာရှင်တစ်ယောက်ဟာ အလွန်ခိုင်ခံ့လှပတဲ့အဆောက်အဦးတစ်ခုကို ဆောက်လုပ်ခဲ့တယ်။ သူရဲ့လေ့လာမှု၊ စနစ်ကျမှု၊ မိမိလုပ်ငန်းရဲ့အပေါ်မှာ အများထက်သာလွန်အောင်လုပ်ဆောင်နိုင်မှု နဲ့ မိမိကိုယ်ကို ယုံကြည်မှုရှိသူ တစ်ယောက်ဖြစ်တဲ့အတွက် သူဆောက်တဲ့အဆောက်အဦးဟာ ပြစ်သစ်ပြည်မှာအလှဆုံးအဆောက်အဦးတခုဖြစ်လာခဲ့တယ်။ သူဟာသူ့ရဲ့အဆောက်အဦး ခိုင်ခံလှပကြောင်းကို သူငယ်ချင်း Engineer များကို လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ခဲ့တယ်။ ဒီလိုနဲ့ သူ့သူငယ်ချင်းတွေက အဆောက်အဦးကိုလာရောက်ကြည့်ရှုပြီး အဆောက်အဦးဟာအလှပဆုံးအဆောက်အဦးဖြစ်ကြောင်း ထောက်ခံကြတာပေါ့။ ဒါပေမယ့် သူတို့က အဆောက်အဦးကို အလယ်က ထောက်တန်းမထည့်ရင်တော့ ထိုအဆောက်အဦးဟာ ပြိုကျပျက်စီးသွားလိမ့်မယ်ဆိုတာကိုတော့ ညီတူညီညာ ထင်မြင်ချက်ပေးခဲ့ကြတယ်။ ဒါပေမယ့် ဒန်ဒီက သူကိုယ်သူအပြည့်အဝယုံကြည်မှုရှိသူတစ်ယောက်ဆိုတော့ သူငယ်ချင်းတွေကို အဆောက်အဦးအား လာရောက်ကြည့်ရှုကြတာကျေးဇူးတင်ကြောင်း သို့သော်သူရဲ့အဆောက်အဦးဟာ ခိုင်ခံ့မှုရှိကြောင်းနှင့် သေချာတိုင်းတာတွက်ချက်၍ဆောက်လုပ်ထားသည့်အတွက် ပြိုကျမည်ကို မိမိအနေနှင့်မစိုးရိမ်ကြောင်း၊ ထောက်တန်းလည်းထည့်မည်မဟုတ်ကြောင်း အေးဆေးညင်သာစွာနှင့်ပင် ပြန်လည်ပြောဆိုခဲ့သည်။ ဒီလိုနဲ့ပဲ ဒန်ဒီဟာ သူ့အဆောက်အဦးကို မိတ်ဆွေသူငယ်ချင်းများအား တဖွဲ့ပြီးတဖွဲ့ ဖိတ်ခေါ်ပြသခဲ့တယ်။ ဒါပေမယ့် လာကြည့်သွားခဲ့တဲ့လူတိုင်းကတော့အထက်ပါအတိုင်း ထင်မြင်ချက်ပေးသွားခဲ့တယ်။ ဒန်ဒီကလည်းဘယ်လက်ခံမလဲ။ ဘာကြောင့်လဲဆိုတော့ သူ့လောက်အရည်အချင်းမရှိတဲ့သူတွေကပြောကြတာကိုး။ ဒါ့ကြောင့်သူကလည်း ပြောနေကြအတိုင်းဘဲ ပြန်လည်ချေပခဲ့တာ့ပေါ့။ ဒါပေမယ့် သူတို့ရဲ့ဆရာ Engineer ချုပ်ကိုယ်တိုင် လာကြည့်ပြီးအဆောက်အဦးဟာလှပပေမယ့် ပြိုကျပျက်စီးမှုမရှိစေရန် ထောက်တန်းထည့်ရန်လိုအပ်ကြောင်း အမိန့်ပေးသွားတာပေါ့။ ဒန်ဒီဟာသူ့ကိုယ်သူ ယုံကြည်မှု ရှိတဲ့သူဆို့တော့ အမိန့်ကိုလွန်ဆန်ဖို့စဉ်းစားခဲ့တယ်။ ဒါပေမယ့် ဒန်ဒီဟာ အထက်လူကြီးရဲ့အမိန့်ကို မလွန်ဆန်ချင်သိကတကြောင်း အများနဲ့လိုက်ဖက်အောင်နေထိုင်သွားချင်သည်ကတကြောင်း နည်းလမ်းကောင်းများရလိုရငြား အချိန်အတော်ကြာ စဉ်းစားနေခဲ့တယ်။ အချိန်တန်တော့လည်း ဒန်ဒီဟာ အများထက်သာ၊ အများထက်ဥာဏ်ပြေးတဲ့သူဆိုတော့ အကြံတခုရသွားတာပေါ့။ အားလုံးရဲ့ဆန္ဒအတိုင်း ဒန်ဒီဟာ အဆိုပါ အဆောက်အဦးရဲ့အလယ်မှာ ထောက်တန်းတစ်ခုထည့်လိုက်တာပေါ့။ အာလုံးကလည်း ထောက်တန်းထည့်လို့ အဆောက်အဦးမပြိုကျတော့ဘူးလို့ ယူဆခဲ့ကြပါတယ်။ ဒါနဲ့ ဒီသမိုင်းကြောင်းကတော့ ဒီမြို့နဲ့အနီးတဝိုက်မှာ ရာဇဝင်တွင်စွာနဲ့ကျန်ရစ်ခဲ့တယ်။ နှစ်ပေါင်းနှစ်ရာကျော်လောက်ကြာပြီးတဲ့နောက်မှာ ဒီအဆောက်အဦးဟာ အချိန်ကြာလာတာနှင့်အမျှ ပင့်ကူအိမ်တွေ၊ အမှိုက်သရိုက်တွေ၊ ဖုန်တွေနဲ့ သင်ပင်တွေပါပေါက်ရောက်နေတော့ တကယ့်အဆောက်အဦးအဦးပျက်ကြီးတခုလိုဖြစ်နေတာပေါ့။ ဒါနဲ့ဒီအဆောက်အဦကိုပြန်လည်မွမ်းမံရန် သန်ရှင်းရေးလုပ်ခဲ့ကြတယ်။ လူငယ်အဖွဲ့တွေ သူ့အဖွဲ့နဲ့သူအများကြီးပေါ့။ အဲဒီမှာ မျက်နှာကျက် သန်းရှင်းရေးလုပ်ဖို့ အဆောက်အဦးရဲ့ထိပ်ဆုံးကို တက်သွားခဲ့ကြပြီး အပေါ်ဆုံးရောက်သွားတဲ့အချိန်မှာတော့ အားလုံးပါးစပ်အဟောင်းသားနဲ့ အာမေဍိတ်သံ ဟင်၊ ဟာ တို့ဖြစ်ကုန်ကြတယ်။ အကြောင်းမှာ အဆောက်အဦး၏ အမိုးနဲ့ ထောက်တန်းဟာ ထိမနေဘဲ သီးခြားစီဖြစ်နေသောကြောင်ြ့ဖစ်သည်။ တကယ်တော့ ဒန်ဒီဟာ သူ့ကိုယ်သူ ယုံကြည်မှုရှိသောလည်း အမိန့်မလွန်ဆန်နိုင်သည်ကတမျိုး၊ အများနှင့်သဟဇတဖြစ်စေရန် အများအမြင်တွင် ထောက်တန်းထောက်ထားခဲ့သော်လည်း သူ့အဆောက်အဦးဟာ မပြိုကျနိုင်သည်ကို သိနေသည့်အတွက် အမှန်တကယ်ထောက်ကန်ထားခဲ့ခြင်းမဟုတ်ပေ။
ကျွန်တော်တို့အခုခေတ်လူငယ်တွေမှာလည်း လုပ်ငန်းခွင်မှာ ကိုယ်ကမှန်နေသည်ဖြစ်စေ၊ ကိုယ့်ကိုကိုယ်ယုံကြည့်မှုရှိသည့်ဖြစ်စေ တချိန်ချိန်မှာ အခွင့်အာဏာရှိသူများရဲ့အာဏာ၊အမိန့်များကိုမလွန်ဆန်နိုင်တဲ့အချိန်မျိုးကြုံခဲ့လျှင်သော်လည်းကောင်း အများနှင့်လိုက်ဖက်အောင်၊သဟဇာတဖြစ်အောင်နေထိုင်နိုင်မှဖြစ်မည့်အချိန်မျိုးနှင့်ကြုံခဲ့လျှင်သော်လည်းကောင်း အထက်ပါပုံပြင်ထဲကအတိုင်း သဟဇာတဖြစ်အောင်နေထိုင်၍ နောက်ဆုံးမှာတော့ မိမိ၏ယုံကြည်မှုဟာ မှန်ကန်သည့်အကြောင်းပြသနိုင်စေရန်ရည်ရွယ်၍ ရေးသားခြင်းဖြစ်ပါသည်။
စားဖတ်သူအားလုံးအား ကျေးဇူးတင်လျှက်
Dandy

Comments
Post a Comment