Posts

အရမ်းကောင်းတဲ့ စာသားလေးပါ ဖတ်ရင်းနဲ့ တွေးပါ အရသာက တမူထူးခြားနေပါလိမ့်မယ်

Image
 အရမ်းကောင်းတဲ့ စာသားလေးပါ ဖတ်ရင်းနဲ့ တွေးပါ အရသာက တမူထူးခြားနေပါလိမ့်မယ် (၁) စိတ်ဓာတ်ကို မာမာထားပါ။  အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ နှစ်သက် နှစ်သက် လက်လွှတ်တတ်ဖို့ နားလည်ပါ။  (၃) ကိုယ့်ကိုယ်ကို လေးစားပါ။  သူတစ်ပါးကို လေးစားပါ။ လေးစားမှုကို ထိန်းပါ။  အဲဒီလေးစားမှု သုံးခုကို မှတ်ထားပါ။ (၄) ငွေဆိုတာ ရေလိုပဲ။  ငွေခမ်းရင် ငတ်သေတတ်တယ်။ ငွေမက်လွန်းရင် နစ်သေတတ်တယ်။ (၅) အရာဝတ္ထုတစ်ခုတိုင်းကို  ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေ ခံစားပါ။ (၆) သူတစ်ပါးကို ထိခိုက်နာကျင်မှုမျိုးနဲ့ ကိုယ့်အပြစ် ကိုယ့်ဆိုးကျိုးကို ဖုံးကွယ်တတ်တဲ့  လူလောက် ရှက်ဖို့ကောင်းတာ မရှိဘူး။ (၇) လောဘမကြီးနဲ့။  မကောင်းတဲ့အရာတွေက ဘယ်တော့မှ တာရှည်မခံဘူး။  (၈) သူငယ်ချင်းအတွက် အနစ်နာခံတဲ့ အလုပ်က ခက်ခဲတဲ့အလုပ်တော့ မဟုတ်ဘူး။ ခက်တာက အနစ်နာခံရလောက်တဲ့ သူငယ်ချင်းမျိုး ရှိဖို့ပဲလိုတယ်။  (၉) ကိုယ့်အတွက်လို့ စဉ်းစားမိတာနဲ့ တစ်ပြိုက်နက် တစ်ဖက်လူရဲ့ ခံစားချက်ကိုလည်း ထည့်တွက်သင့်တယ်။ သူ့အတွက် ပိုစဉ်းစားသင့်တယ်။ ဒါတွေက အကြင်န...

I see the sky

Image
An uneducated father with his educated son went on a camping trip. They set-up their tent and fell asleep. Some hours later, the father woke up his son. Father- Look up to the sky and tell me what you see. Son- I see millions of stars. Father- And what does that tell you? Son- Astronomically, it tells that there are millions of galaxies and planets. Father slaps the son hard and says- Idiot, someone has stolen our tent Rupak Shah

ဆိုကရေးတီး ( Socrates ) စကားအချို့

Image
 #ဆိုကရေးတီး ( Socrates ) ဂရိတွေးခေါ်ရှင်ကြီး ဆိုကရေးတီးကို လမ်းတွင် ဖြတ်သွားသူတစ်ဦးက မေးသည်။ "မြို့ကို ရောက်ဖို့ ဘယ်လောက်ကြာကြာ သွားရမလဲခင်ဗျာ" "သွားသာသွားပါ"ဟု ဆိုကရေးတီးက ပြန်ဖြေသည်။ ထိုလူ ဆက်သွား၍ ခြေလှမ်းနှစ်‌ဆယ်လောက်ရောက်တော့ ဆိုကရေးတီးက နောက်မှ လှမ်းအော်သည်။ "နာရီနှစ်ဆယ် ကြာမယ်" ခရီးသည် စိတ်တိုသွားသည်။ "ကျုပ်ကို စောစောကတော့ ဘာလို့ မပြောတာလဲ" သည်တော့ ဆိုကရေးတီးက "ဘယ်လောက်မြန်မြန် ခင်ဗျားလျှောက်မလဲဆိုတာ ကျုပ်မှ မသိဘဲ" တဲ့။ ******* "ဘယ်အချိန်မှာ အစားစားဖို့ အကောင်းဆုံးလဲ"ဟု ဆိုကရေးတီးကို မေးသည်။ "ချမ်းသာတဲ့သူတွေ ဆာတဲ့အခါ စားပါစေ။ ဆင်းရဲတဲ့သူတွေကတော့ အစာကို ရှာလို့ရတဲ့အခါမှာ စားပါစေပေါ့ဗျာ" တဲ့။ ******* တရားရုံးက ဆိုကရေးတီးကို သေဒဏ်ချမှတ်လိုက်ရာ သူ၏ မိတ်ဆွေတစ်ဦးက အကောင်းစား မိုးကာတစ်ထည်ကို ဆိုကရေးတီးအား ပေးသည်။ အမြင်ကောင်းစေလို၍ ပေးခြင်း ဖြစ်၏။ သို့သော် ဆိုကရေးတီးက မယူ။ "ဘာလုပ်ဖို့လဲ၊ ဘာလဲ.. ကျုပ်ကိုယ်ပေါ်မှာ အခု ဝတ်ထားတဲ့မိုးကာက အသက်ရှင်တုန်းသာ အသုံးကျပြီး သေတော့ အသုံးမကျတော့လို့လား" တဲ့။ ***** တွေးခေါ်...

စဥ်းစားတွေးတောခြင်းမရှိသော လေ့လာခြင်းသည် လုပ်အားကို ဆုံးရှုံးခြင်းဖြစ်သည်။ လေ့လာခြင်းမရှိဘဲ စဥ်းစားတွေးတောခြင်းသည် အန္တရာယ်ရှိသည်။

Image
စဥ်းစားတွေးတောခြင်းမရှိသော လေ့လာခြင်းသည် လုပ်အားကို ဆုံးရှုံးခြင်းဖြစ်သည်။ လေ့လာခြင်းမရှိဘဲ စဥ်းစားတွေးတောခြင်းသည် အန္တရာယ်ရှိသည်။ #ကွန်ဖြူးရှပ် #Confucius

လူငယ်များအတွက် ဦးသန့်၏ တန်ဖိုးမဖြတ်နိုင် တဲ့ စကား (၅)ခွန်း

Image
 လောက၌ ကြီးပွားရေး လမ်းတို့သည် များပြားကုန်၏။ ကြီးပွားရေး ဆရာတို့လည်း ပေါများကုန်၏။ သို့ရာတွင် ကြီးပွားကုန်သော သူတို့၏ ကြီးပွားရာ လမ်းများအနက် အောက်ဖော်ပြပါ ငါးချက်တို့သည် အရေးကြီးပေသည်။ ၁။ ရည်ရွယ်ချက်ရှိပါ       လောက၌ ရည်ရွယ်ချက် မရှိသောသူသည် မည်သည့် အရေးသို့ သွားရန် မသိသေးသော ခရီးသည်နှင့် တူ၏။ ကြီးပွားလိုသော လူတိုင်း ၌ ရည်ရွယ်ချက် ရှိရမည်။ သုံးလူ့ထွတ်ထား သဗ္ဗညုဘုရားပင်လျှင် တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့် ကြိုးစား အားထုတ်တော်မူခဲ့ ပေသည်။ မည်သူမဆို ငယ်စဉ်ကပင် မှန်းခြေတစ်ခု ရှိရမည်။ မှန်းခြေရှိသော လူတို့သည် မိမိတို့ လုပ်ငန်း၌ လွယ်ကူသည်သာမက မှန်းခြေ မရှိသော သူထက် မနှိုင်းယှဉ်သာအောင် ကြီးပွားကြလေသည်။ ၂ ။ သူများနှင့် မတူအောင် လုပ်ပါ      ထိုအချက်သည် ဆန်းဆန်းဖြစ်သည်။ သို့ရာတွင် စေ့စေ့တွေးသော် ကြီးပွားသော သူတို့၏ လက်သုံး အချက်ကြီး ဖြစ်သည်။ သူများကဲ့သို့ လုပ်လျှင် သူများကဲ့သိုပင် ဖြစ်မည်။ သူများနှင့် မတူအောင် လုပ်လျှင် သူများနှင့် တူမည် မဟုတ်ချေ။ မြတ်စွာဘုရားသည် ခပ်သိမ်းသော သူတို့နှင့် မတူအောင် အားထုတ်တော်မူခဲ့၍ သူများနှင့် မတူသော သဗ္ဗညုအဖြစ်သို့ ရောက်ရှိခဲ့ပေ...

ကျွန်ုပ် ဆရာများ၏ ဆုံးမစကားများနှင့် သူတို့၏ဒဿနများ

Image
၁. လူတိုင်းဟာ အလုပ်လိုချင်တဲ့အတွက် အလုပ်ကိုလိုက်ရှာကြရတယ်။ ဒါပေမယ့် အမြဲတမ်းတော့ ဒီလို မဖြစ်စေနဲ့။ အလုပ်က ကိုယ့်ကိုလိုအပ် အောင်လုပ်၊ အလုပ်ကကိုယ့်ကို လိုက်ရှာအောင်လုပ်။ ၂. အလုပ်များများလုပ်တဲ့သူဟာ အမှားတွေ လုပ်မိတာ မထူးဆန်းပါဘူး။ မမှားချင်ရင်တော့ ဘာမှမလုပ်နဲ့ပေါ့ကွာ။  ၃. Mistake နဲ့ Wrong ဟာ အမှားလို့ဆိုတယ်။ အဓိပ္ပါယ်ချင်းတော့ ကွာခြားတယ်။ Mistake ဆိုတဲ့အမှားက ကိုယ့်မှာ knowledge မရှိလို့မှားတဲ့အမှား၊ Wrong ကတော့ Mistake မှန်းသိသော်လည်း သိသိနဲ့ထပ်ခါထပ်ခါ မှားတဲ့အမှားကို ခေါ်တယ်။ ၄. မင်းတို့တွေဟာ battery တစ်လုံးလိုဘဲ။ ကိစ္စတခုကို ပြောလိုက်ရင် ၁ ပတ်လောက်ထိတော့ လိုက်နာနေတာပဲ။ ၁ ပတ်လောက်လဲရှိရော မေ့သွားကြတယ်။ Battery လိုဘဲ charging သွင်းနေရတယ်။ ဒါကြောင့် ဒီ meeting ကို charging meeting လို့ခေါ်တာ။ ၅. Supervisor တိုင်းက Leader မဟုတ်ဘူး။ ကိုယ့်အောက်က လူတွေက Leader လို့ သတ်မှတ်ရင်တော့  မင့်ဟာ Supervisor ဖြစ်ရင်လည်း အောင်မြင်တဲ့ Supervisor ၊ Manager ဖြစ်ရင်လည်း အောင်မြင်တဲ့ Manager ဖြစ်လိမ့်မယ်။ ဒီတော့ Leader ဖြစ်အောင်လုပ်ကွာ။ ၆. ဝန်ထမ်းနှစ်မျိုးရှိတယ်ကွ။ Can't do နဲ့ Wouldn't do ဆိုပြီ...

Entrepreneurship (စွန့်ဦးတီထွင်လုပ်ငန်းရှင်စိတ်)

Image
 စီးပွားရေးလုပ်ငန်းဟာ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ရဲ့ ဦးနှောက်ထဲက အိုင်ဒီယာတစ်ခုနဲ့ စတင်အကောင်အထည်ပေါ်လာတာပါ။ စွန့်ဦးတီထွင်တဲ့သူမှာ အသစ်ဖန်းတီးတီထွင်ဖို့ ပြင်းပြတဲ့ဆန္ဒတွေနဲ့ စွမ်းအားတွေ ပြည့်နေပါတယ်။ သူတို့ဟာ နယ်မြေအသစ်တွေကို ဦးဆောင်ရှာဖွေနေသူနဲ့ အလားတူတဲ့ ခေတ်ရှေ့ပြေးသူတွေပါပဲ။  စွန့်ဦးတီထွင်သူတွေဟာ သူမတူအောင် ထူးဆန်းထွေပြားမှုတွေကို စွန့်စားဖော်ထုတ်ကြတယ်။ သူတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်က ငွေရှာတာမဟုတ်ဘဲ အသစ်အဆန်းတွေလုပ်ဖို့သာဖြစ်တယ်။ သူတို့အောင်မြင်လာပြီဆိုတဲ့အခါမှာတော့ အလုပ်အကိုင်တွေနဲ့ ဝင်ငွေတွေဟာ လူအများကြီးအတွက် ပေါ်ထွက်လာတော့တာပါပဲ။ ဒါပေမယ့် တရုတ်စကားပုံတစ်ခုအရပြောရရင် 'လုပ်ငန်းတစ်ခုဟာတီထောင်ဖို့သိပ်လွယ်တယ်။ ဆက်လက်ရှင်သန်အောင် လမ်းပွင့်နေဖို့က သိပ်ခက်တယ်' ပြီးတော့အချိန်တေံအကြာကြီးယူရတာပါ။ "ကိုယ့်ကိုယ်ပိုင်လုပ်ငန်းထဲမှာ တစ်ပတ်ကို နာရီ (၈၀) လောက်ဝင်လုပ်နေမှ တခြာသူတွေအတွက် တစ်ပတ်ကို နာရီ (၄၀) လုပ်ပေးရမယ့်ဘဝက လွတ်မှာပါ။" 'Ramona E-F.  Arnett) စွန်းဦးတီထွင်လုပ်ငန်းရှင် အောင်မြင်ရင် စီးပွားရေးလုပ်ငန်းလဲ တိုးတက်ကြီးပွားလာတာပါပဲ။ ရေသာခိုမှုတွေထိန်းချုပ်...