Entrepreneurship (စွန့်ဦးတီထွင်လုပ်ငန်းရှင်စိတ်)
စီးပွားရေးလုပ်ငန်းဟာ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ရဲ့ ဦးနှောက်ထဲက အိုင်ဒီယာတစ်ခုနဲ့ စတင်အကောင်အထည်ပေါ်လာတာပါ။ စွန့်ဦးတီထွင်တဲ့သူမှာ အသစ်ဖန်းတီးတီထွင်ဖို့ ပြင်းပြတဲ့ဆန္ဒတွေနဲ့ စွမ်းအားတွေ ပြည့်နေပါတယ်။ သူတို့ဟာ နယ်မြေအသစ်တွေကို ဦးဆောင်ရှာဖွေနေသူနဲ့ အလားတူတဲ့ ခေတ်ရှေ့ပြေးသူတွေပါပဲ။
စွန့်ဦးတီထွင်သူတွေဟာ သူမတူအောင် ထူးဆန်းထွေပြားမှုတွေကို စွန့်စားဖော်ထုတ်ကြတယ်။ သူတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်က ငွေရှာတာမဟုတ်ဘဲ အသစ်အဆန်းတွေလုပ်ဖို့သာဖြစ်တယ်။ သူတို့အောင်မြင်လာပြီဆိုတဲ့အခါမှာတော့ အလုပ်အကိုင်တွေနဲ့ ဝင်ငွေတွေဟာ လူအများကြီးအတွက် ပေါ်ထွက်လာတော့တာပါပဲ။
ဒါပေမယ့် တရုတ်စကားပုံတစ်ခုအရပြောရရင် 'လုပ်ငန်းတစ်ခုဟာတီထောင်ဖို့သိပ်လွယ်တယ်။ ဆက်လက်ရှင်သန်အောင် လမ်းပွင့်နေဖို့က သိပ်ခက်တယ်' ပြီးတော့အချိန်တေံအကြာကြီးယူရတာပါ။
"ကိုယ့်ကိုယ်ပိုင်လုပ်ငန်းထဲမှာ တစ်ပတ်ကို နာရီ (၈၀) လောက်ဝင်လုပ်နေမှ တခြာသူတွေအတွက် တစ်ပတ်ကို နာရီ (၄၀) လုပ်ပေးရမယ့်ဘဝက လွတ်မှာပါ။" 'Ramona E-F. Arnett)
စွန်းဦးတီထွင်လုပ်ငန်းရှင် အောင်မြင်ရင် စီးပွားရေးလုပ်ငန်းလဲ တိုးတက်ကြီးပွားလာတာပါပဲ။ ရေသာခိုမှုတွေထိန်းချုပ်ပြီး လုပ်ငန်းဇယားတွေဆွဲရတာကြောင့်လဲ ဖြစ်ပါတယ်။ လုပ်ငန်းသဘောအရ လုပ်ငန်းအပြည့်အဝလည်ပတ်ဖို့ပဲ အာရုံဝီရိယစိုက်တာက စက်ဆီကောင်းကောင်းထည့်ထားတဲ့ ယန္တရားကြီး တစ်ခုဖြစ်လာပါတော့တယ်။


Comments
Post a Comment