ကျွန်ုပ် ဆရာများ၏ ဆုံးမစကားများနှင့် သူတို့၏ဒဿနများ

၁. လူတိုင်းဟာ အလုပ်လိုချင်တဲ့အတွက် အလုပ်ကိုလိုက်ရှာကြရတယ်။ ဒါပေမယ့် အမြဲတမ်းတော့ ဒီလို မဖြစ်စေနဲ့။ အလုပ်က ကိုယ့်ကိုလိုအပ် အောင်လုပ်၊ အလုပ်ကကိုယ့်ကို လိုက်ရှာအောင်လုပ်။

၂. အလုပ်များများလုပ်တဲ့သူဟာ အမှားတွေ လုပ်မိတာ မထူးဆန်းပါဘူး။ မမှားချင်ရင်တော့ ဘာမှမလုပ်နဲ့ပေါ့ကွာ။ 

၃. Mistake နဲ့ Wrong ဟာ အမှားလို့ဆိုတယ်။ အဓိပ္ပါယ်ချင်းတော့ ကွာခြားတယ်။ Mistake ဆိုတဲ့အမှားက ကိုယ့်မှာ knowledge မရှိလို့မှားတဲ့အမှား၊ Wrong ကတော့ Mistake မှန်းသိသော်လည်း သိသိနဲ့ထပ်ခါထပ်ခါ မှားတဲ့အမှားကို ခေါ်တယ်။

၄. မင်းတို့တွေဟာ battery တစ်လုံးလိုဘဲ။ ကိစ္စတခုကို ပြောလိုက်ရင် ၁ ပတ်လောက်ထိတော့ လိုက်နာနေတာပဲ။ ၁ ပတ်လောက်လဲရှိရော မေ့သွားကြတယ်။ Battery လိုဘဲ charging သွင်းနေရတယ်။ ဒါကြောင့် ဒီ meeting ကို charging meeting လို့ခေါ်တာ။

၅. Supervisor တိုင်းက Leader မဟုတ်ဘူး။ ကိုယ့်အောက်က လူတွေက Leader လို့ သတ်မှတ်ရင်တော့  မင့်ဟာ Supervisor ဖြစ်ရင်လည်း အောင်မြင်တဲ့ Supervisor ၊ Manager ဖြစ်ရင်လည်း အောင်မြင်တဲ့ Manager ဖြစ်လိမ့်မယ်။ ဒီတော့ Leader ဖြစ်အောင်လုပ်ကွာ။

၆. ဝန်ထမ်းနှစ်မျိုးရှိတယ်ကွ။ Can't do နဲ့ Wouldn't do ဆိုပြီး။ Can't do သမားတွေဆိုရင် သူတို့မှာ training လိုနေလို့လား၊ အခက်အခဲတခုခုရှိနေလို့လား။ အဲဒါတွေ ဖြည့်ဆည်းပေးလိုက်ရင်တော့ အဆင်ပြေသွားလိမ့်မယ်။ Wouldn't do သမားတွေကြတော့ လုပ်တတ်တယ် မလုပ်ချင်တာ။ သူတို့ကိုကြတော့ Action ယူမှ ရလိမ့်မယ်။

၇. မင်း Manager လုပ်တော့မယ်ဆိုရင် ကိုယ့်ဟာ အတ္တကိုအခြေခံတဲ့ Leader လား ပရကို အခြေခံတဲ့ Leader လား အရင်ဆုံးဆန်းစစ်ဖို့လို့မယ်။ အတ္တကို အခြေခံတဲ့ လူမျိုးဆိုရင်တော့ သူဟာ ရာထူးကြီးသွားလည်း အဲဒီအတ္တစိတ်က ပျောက်မှာမဟုတ်ဘူး။ 

၈. ဘောလုံးကြီးတာ နဲ့ သေးတာဘဲကွာခြားတယ်။ တွက်ချက်တာကတော့ circle theory ကိုဘဲအခြေခံတာပါကွာ။ Organization ကြီးတာသေးတာထက် ကိုယ့်ကိုယုံကြည်မှုရှိစမ်းပါ။

၉. တချို့လူတွေက ကိုယ့်ထက်သာသွားမှာကြောက်တော့ ဖိနှိပ်ပြီးအုပ်ချုပ်တဲ့နည်းကိုသုံးကြတယ်။ အဲဒီတော့ သူကိုယ်တိုင်လည်းမတိုးတက် အောက်ကလူတွေကလည်း independent မဖြစ်တော့ဘူးပေါ့ကွာ။ ဒါကို မှားတယ်လို့တော့မဆိုလိုဘူး။ ဒါပေမယ့် ငါကတော့ ကိုယ့်အောက်လူကို ကိုယ့်လိုအရည်အချင်းရှိလာအောင် သင်ပေးတယ် မြေတောင်မြောက်ပေးတယ်ကွ။ (လူတွေဟာ အရည်အချင်းချင်းတူလာရင်တော့ ပခုံးချင်းတိုင်းချင်လာကြမှာဘဲ။) ဒါကြောင့် ငါကလည်း ကိုယ်အောက်ကလူတွေနဲ့ ပြန်ပြိုင်တယ်။ နောက်ဆုံးတော့လဲ ရေမြင့်ရင်ကြာတင့်ဆိုသလို သူလည်းအောင်မြင် ကိုလည်းအောင်မြင်ဆိုတဲ့ win win situation ကိုဖန်တီးလာနိုင်တာဘဲ။

၁၀. အလွယ်ပြောရရင်ကွာ Traditional Management Style နဲ့ Modern Management Style လို့ ရှိတယ်။ ဘယ် Style ကကောင်းတယ်၊ မကောင်းဖူးလို့တော့ ငါ မဝေဖန်ဘူး။ Modern Management Style ကတော့ Democracy အုပ်ချုပ်နည်းနဲ့တူတယ်။ Democracy နည်းကိုကျင့်သုံးတော့မယ်ဆိုရင်တော့ ကိုယ်ကိုယ်တိုင်က Education Level ပိုမြင့်ပြီး စည်းကမ်းရှိဖို့၊ သူများထက် အကွက် ကြိုမြင်တတ်ဖို့ နဲ့ သူများထက် ညာဏ် ပိုပြေးဖို့လိုမယ်ကွ။ အဲဒီလိုမလုပ်နိုင်တဲ့ Manager မျိုးတွေအတွက်တော့ Traditional Management Style ကို ကျင့်သုံးတာဟာ သူတို့အတွက်ပို အဆင်ပြေလိမ့်မယ်။

၁၁. ကိုယ့်ဟာ proactive manager လား၊ fire killer manager လား ဆိုတာ ပြန်စမ်းစစ်ပေါ့ကွာ။ တချို့ Manager တွေက မီးလောင်ပြီးမှ မီးလိုက်သတ်တာရှိတယ်။ ဘာပဲပြောပြော မီးလောင်ပြီးပြီဆိုကတည်းကဆုံးရှုံးမှုတော့ရှိသွားပြီပေါ့ကွာ။ Proactive Manager မျိုးကတော့ မီးကိုမလောင်အောင်ကြိုတင်ကာကွယ်ထားတယ်။ အကယ်၍ ကာကွယ်ထားတဲ့ကြားက လောင်သွားခဲ့ရင်လည်း သူ့မှာ contingency plan ရှိနေတယ်။

၁၂. ပြဿနာတခုဖြစ်ရင် ဟိုလူကိုအပြစ်တင် ဒီလူ့ကိုအပြင်တင် လုပ်တတ်တဲ့ Manager မျိုးဟာ တော်တော် သနားစရာကောင်းတဲ့ Manager လို့ဆိုရမှာဘဲကွ။ ဘာလို့လဲဆိုတော့ သူ့မှာ ဒီပြဿနာကို ဖြေရှင်းဖို့ Solution မရှိလို့။ Solution ရှိနေတဲ့ Manager ကတော့ ပြဿနာကို ခေါင်းအေးအေးနဲ့ အဆင်ပြေသွားအောင် ဖြေရှင်းတတ်တယ်။

၁၃. ပြဿနာတွေကတော့ရှိနေအုံးမှာဘဲ။ ငါကပြဿနာကို အခက်အခဲလို့သတ်မှတ်တယ်။ ငါတို့ ငယ်ငယ်က ပထမတန်း တက်တဲ့အချိန်က ပထမတန်းစာဟာခက်တာဘဲ။ ဒုတိယတန်းလည်းရောက်တော့ ဒုတိယတန်းစာဟာခက်သွားပြီး ပထမတန်းစာဟာ လွယ်သွားပြန်ရော့။ အဲဒီတော့ ဒီနေ့ပြဿနာဟာ မနက်ဖြန် ပြဿနာနဲ့ ယှဉ်ရင်ဘာမှမပြောပလောက်ဖူးဆိုတဲ့အတွေးနဲ့ အခက်အခဲပြဿနာတွေကို တရက်ပြီးတရက်နင်းချေသွားပေတော့။

၁၄. တော်တယ်ဆိုတဲ့ Manager တွေဟာ သူတို့လက်အောက်ကလူတွေရဲ့ Mindset ကို ကောင်းကောင်း change နိုင်တဲ့လူတွေဘဲ။

၁၅. ငါတို့လူမျိုးတွေဟာ ကိုယ့်ကို ကိုယ်တိုင်ကိုကျသင်ပေးတဲ့သူမှ ဆရာလို့ သတ်မှတ်ချင်ကြတာ။ သင်ဆရာကိုဘဲ ဆရာလို့ထင်တယ်။ မြင်ဆရာ၊ ကြားဆရာတို့ မရှိတော့ဘူးဖြစ်နေတယ်။ ငါကတော့ အမြင်နဲ့ရသွားတဲ့ပညာ၊ အကြားနဲ့ရသွားတဲ့ပညာတွေကိုလည်း ရသလောက်စုဆောင်းတယ်။ အဲဒီတော့ ငါ့မှာ သင်ဆရာ၊မြင်ဆရာ နဲ့ ကြားဆရာတွေ အားလုံးရှိနေတယ်။

၁၆. Leader တိုင်းကတော့ အောင်မြင်တဲ့ Management နေရာကို အစားထိုးနိုင်တယ်လို့တော့မဆိုလိုဘူး။ အောင်မြင်တဲ့ Management တိုင်းကတော့ Leadership စိတ်ဓာတ်ရှိကြတယ်။

၁၇. ငါကတော့ လူတွေရဲ့ performance ကိုဘဲကြည့်တယ်။ ကိုယ့်ဆွေမျိုး၊ သူငယ်ချင်း၊ ကိုယ့်အနီးကပ်လူပြောတာလုပ်တာ မှန်သမျှကောင်းတာဘဲလို မသတ်မှတ်ဘူး။ Result ကိုဘဲကြည့်တယ်။ ကောင်းတာလုပ်ရင်ကောင်းတယ်၊ မကောင်းတာလုပ်ရင် မကောင်းဘူးဘဲ။ ဘာလို့လဲဆိုတော့ အနီးကပ်လူတွေကလည်း နောက်ကျောကို ဓားနဲ့ထိုးနိုင်တတ်တာဘဲလေ။

၁၈. လူတွေဟာ ကိုယ်ရဲ့ လောဘနဲ့ အသိပညာအားနဲ့မှု အပေါ်မှာ နင်းပြီး လိမ်သွားတတ်တယ်။


၁၉. တချို့ Manager တွေက သူမရှိရင်မဖြစ်ပါဘူးဆိုတဲ့ အဖြစ်မျိုးတွေ ဖြစ်အောင်ဖန်းတီးထားတတ်တယ်။ တာဝန်ယူတာ မဟုတ်ဘဲ အာဏာ၊ လုပ်ပိုင်ခွင့်တွေကိုပဲယူထားကြတယ်။ ဒီတော့ လုပ်ငန်းခွင်ယန္တယားကြီးကို သူမပါရင်မလည်ပတ်နိုင်အောင် နည်းအမျိုးမျိုးနဲ့ဖန်တီးထားလေတော့ သူအလိုလို မလည်ပတ်နိုင်တော့ဘူးပေါ့။ ငါ့ idea ကြတော့ ငါတို့တွေဟာ တရက်မှာ ၂၄နာရီလုံး အချိန်ပြည့်မလုပ်နိုင်ကြဘူး။ ဒါ့ကြောင့် ငါမရှိလည်း ငါရှိနေသကဲ့သို့ ငါရဲ့လမ်းညွှန်ပြသမှုတွေကို ဆက်လက်လုပ်ဆောင်ပြီး လုပ်ငန်းခွင်ယန္တယားကြီးက သူ့အလိုလို လည်ပတ်နေအောင်ဖန်တီးတယ်။ ကိုယ်အချိန်ပြည့်ရှိနေလို့ ကိုယ်ပြောတဲ့အတိုင်းလိုက်လုပ်နေတာ မထူးဆန်းပါဘူးကွာ။ ကိုယ်မရှိလဲ ကိုယ့်ကွယ်ရာမှာ ကိုယ့်ပေးတဲ့ instruction အတိုင်း သူတို့တွေလိုက်လုပ်နေမှ အဲဒါမှန်ကန်တဲ့ Management လို့ ဆိုလိုရမှာ။

၂၀. အေးပါ သင်တန်းတွေတက်နေတာတော့ ကောင်းပါတယ်။ ဒါပေမယ့် ဥပမာပြောရရင် ရောဂါကိုပျောက်အောင်အရင်ကုသပါ။ အခုမင်းက ရောဂါကို  အရင်မကုဘဲနဲ့ အားဆေးဘဲသောက်နေသလိုဖြစ်နေလိမ့်မယ်။ ဒီတော့ ရောဂါ အရင်ပျောက်အောင် လုပ်ပြီးမှ အားဆေးသောက်တာ ပိုအဓိပ္ပါယ်ရှိလိမ့်မယ်။

၂၁. ရေအပြည့်နီးပါးထည့်ထားတဲ့ခွက်ထဲကို ဘာထပ်ထည့်လို့ရတယ်။ ဆားနည်းနည်းထပ်လို့ရတယ်။ နောက်ထပ် သံပုရာသီး အရည် ညှစ်ထည့်လို့ရသေးတယ်။ ဒါဆိုရင်တော့ ကောင်းမွန်တဲ့ သပုရာရည်တခွက် ရပြီပေါ့။ သကြားအစား သဲတွေသွားထည့်ရင်တော့ ဘာမှအသုံးမဝင်တော့ဘူးပေါ့ကွာ။ ကိုယ့်မှာ လိုအပ်နေတာတွေ ဖြည့်တာတော့ထပ်ဖြည့်။ ကိုယ်ဖြည့်လိုက်တဲ့အရာက ကိုယ့်အတွက်အကျိုးရှိလား မရှိလားဆိုတာကိုတော့ ကိုယ်ပိုင်ညဏာ် နဲ့ ဆုံးဖြတ်ပေတော့။

၂၂. ကိုယ့်ကို အခွင့်အရေးပေးလာမှ ၎င်းနဲ့ပတ်သက်တဲ့ တာဝန်တွေကို လုပ်နိုင်အောင်ကြိုးစားမယ်လို့ သွားမတွက်နဲ့။ အဲဒီအချိန်မှာ အရမ်းနောက်ကျသွားပြီ။ အခွင့်အရေးတခု၊ နေရာတခုကို မရသေးခင်ကတည်းက ကိုယ် အဲဒီနေရာကို တာဝန်ယူလုပ်ကိုင်နိုင်အောင် ပြင်ဆင်ထားပေတော့။ အဲလိုသာပြင်ဆင်ထားမယ်ဆိုရင် သမ္မတရာထူးလာ ပေးလည်း မလုပ်နိုင်စရာ အကြောင်းမရှိပါဘူး။ 

၂၃. အေးလာကွာ ဘာမှအားနားမနေနဲ့။ မင်း လာလည်တော့လည်း ကောင်းတာဘဲ။ ငါလည်းစကားပြောချင်နေတာ။ ဘာလို့လဲဆိုတော့ ဂျိုယ်သားစကားကို ဂျိုယ်သားတွေမှနားလည်တာ။ ဒါတွေကို လူတိုင်းသွားပြောပြနေလို့လည်း နားလည်မှာမဟုတ်ဘူး။  

၂၄. ငါက သူများတွေရဲ့ အခက်အခဲမှန်သမျှကို ဖြေးရှင်းပေးပြီး Consultant ဆိုတဲ့ တိုင်ပင်ဆွေးနွေးနှစ်သိမ့်ပေးတဲ့ အလုပ်ကို လုပ်နေရတာကို ကျေနပ်နေတာ။ သူတို့ကို ကူညီရာလည်းရောက်သလို၊ ကိုယ့်အတွက် အလားတူအခက်အခဲတွေကြုံလာတော့လည်း ဖြေရှင်းဖို့ နည်းလမ်းရှာပြီးသားလည်း ဖြစ်သွားတာပေါ့။

၂၅. လူတွေဟာ တောင်ထိပ်ပေါ်ကိုရောက်အောင် တက်နေတဲ့တောင်တက်သမား နဲ့တူတယ်လို့ ကျွန်တော်စာအုပ်တအုပ်မှာ ဖတ်ဖူးတယ်။ တောင်ခြေကနေ တောင်ထိပ်ကို ရောက်ချင်ဇောနဲ့တက်တယ်။ နောက်ဆုံးတောင်ထိပ်ကိုလဲရောက်သွားရော့ အော် ဘာမှမဟုတ်ပါဘူးကွာလို့ဆိုတတ်ကြတယ်တဲ့။ လူဘဝမှာလည်း ရည်မှန်းချက်တွေမပြည့်သေးခင်မှာတော့ မရရအောင်ကြိုးစား ရရှိလာတဲ့တနေ့ကြတော့ ဘဝကြီးဟာအဓိပ္ပါယ်မယ့်သလိုဖြစ်လာတယ်တဲ့။ ငါအတွေးကတော့ အဲဒီမှာတင် ရပ်မသွားဘူးကွ။ ငါတောင်ထိပ်ကိုရောက်ပြီးရင် ရှုခင်းကောင်းလေးတွေဖန်တီးမယ်၊ နားခိုလို့ရတဲ့ တဲလေးတွေဆောက်မယ်၊ နောက်သူများတွေ ဒီအပေါ်ကို ငါ့လို့ခက်ခက်ခဲခဲ မတက်ရတော့အောင် လမ်းဖောက်ပေးမယ်။


စာဖတ်သူအားလုံးကိုကျေးဇူးတင်လျှက်

Dandy

Comments

Popular posts from this blog

ဆိုကရေးတီး ( Socrates ) စကားအချို့

I see the sky

Self Confidence ရှိသည်သော်လည်း တခါတရံ မလွန်ဆန်နို​င်သောကြောင်းများ၊ အများနှင့်သဟဇာတဖြ​စ်အောင်နေထိုင်ဖို့လိုအပ်လာလျှင်