သူ့ကံကြမ္မာလို့အထင်က ကိုယ့်အတွက်ဖြစ်နေနိုင်တယ်

ဆရာဦးကျော်ကျော်လှိုင် ဘယ်ခေါင်းစဉ်နဲ့ဟောပြောသွားလဲဆိုတာတော့ မမှတ်မိတော့ပါဘူး။ သတိရမိသလောက်ပြန်ရေးမိတာပါ။


ပြင်သစ် Story တခုဖြစ်မယ်ထင်ပါတယ်။ သူ့တို့ Europe နိုင်ငံတွေရဲ့အစည်ကားဆုံးပွဲတော်တခုကို သားအဖနှစ်ယောက် လမ်းလျှောက်ထွက်လာကြတယ်။ ဖခင်က သမီးဖြစ်သူစားချင်တဲ့မုန့်တွေ၊ ဝယ်ချင်တဲ့ပစ္စည်းတွေဝယ်ပေးတယ်။ ဒီလိုနဲ့ သူတို့ရှေ့ဆက်လျှောက်မယ့်နေရာလေးတခုမှာ Gypsy အမျိုးသမီးတဦး ဖန်လုံးကြီးကိုကြည့်ပြီး အနာဂါတ်ဖြစ်ပျက်လာမယ့်အကြောင်း ဟောနေတာတွေ့တယ်။ သမီးဖြစ်သူဇွတ်အတင်းခေါ်လာတဲ့အတွက် ထိုအမျိုးသမီးရှိတဲ့နေရာသို့ သားအဖနှစ်ယောက်ရောက်လာကြတယ်။ သူတို့သားအဖနှစ်ယောက်ဟာ ထို Gypsy အမျိုးသမီးထံမှာ မိမိတို့ရဲ့အနာဂါတ်အကြောင်းမမေးဘူးကြပေမယ့် ၎င်းအမျိုးသမီး ဟောပြောချက်ဟာလွဲတယ်မရှိဘူးဆိုတာတော့ ဟိုအရင်ကတည်းက တခြားသူမျုးပြောပြချက် ကြာဖူးကြတယ်။

သမီးဖြစ်သူက ဖခင်အား ထိုအမျိုးသမီးကို ဖခင်အတွက် ရှေ့ဆက်ဘာတွေဖြစ်လာမလဲဆိုတာ မေးကြည့်ဖို့ပြောတယ်။ အဖေလုပ်သူကဇွတ်အတင်းငြင်းဆိုပေမယ့် နောက်ဆုံးမှာ သမီးဖြစ်သူရဲ့ဆန္ဒအတိုင်းမေးဖြစ်ခဲ့ကြတယ်။ Gypsy အမျိုးသမီးဟာ သူ့ပြုလုပ်နေကြအတိုင်း သူ့ရဲ့အနာဂါတ်ကြည့်ဖန်လုံးကိုကြည့်တယ်။ သူမက တအံတသြနဲ့” ကျွန်မမြင်တာတော့ ရှင့်အတွက် ကံဆိုးမိုးမှောင်ကြမယ့်နေ့ပဲ။ ဒီနေ့ည ၇ နာရီတိတိမှာ ရှင်သေလိမ့်မယ်။” လို့တပ်အပ်ပြောလိုက်တယ်။ ဒါနဲ့ ဖခင်လုပ်တဲ့သူဟာ မဖြစ်နိုင်လောက်ပါဘူးလို့ထင်ပေမယ့် စိတ်သောကတွေ ရောက်နေတော့ ရှေ့ဆက်မသွားတော့ဘဲ အိမ်ကိုပြန်လာတယ်။ အိမ်ပြန်ရောက်တာနဲ့သူဟာ သူသေရမယ့် ၇နာရီတိတိအချိန်ကို အခန်းထဲမှာပဲစောင့်နေတယ်။

နာရီကိုကြည့်နေ့ရင်း မိနစ်စက္ကန့်တွေနီးသထက်နီးလာလေ သူ့ခန္ဓာကိုယ်မှာ ချွေးစီးတွေပြန်လာလေနဲ့ နောက်ဆုံး ၇နာရီတိတိဖြစ်ဖို့ ၁၀ စက္ကန့်အလိုလောက်မှာ နာရီကိုမကြည့်တော့ဘဲ သူ့ကိုသူသေလူလို့သဘောထားပြီး မျက်လုံပိတ် စိတ်ထဲကနေ ၁၀ စက္ကန့်ကိုရေတွက်နေတယ်။ ၁၀စက္ကန့်ပြည့်တဲ့အချိန် နာရီကလည်း ၇နာရီထိုးပြီဖြစ်ကြောင်း အသံကြားရတဲ့အချိန် တထပ်ထဲမှာ သူ့မျက်လုံးကိုဖွင့်ကြည့်တယ်။ ၇နာရီတိတိထိုးပေမယ့် သူမသေသေးဘူးဆိုပြီ ဝမ်းသာသွားတယ်။ ဒါပေမယ့် ချက်ခြင်းဆိုသလို စိတ်ညိုးငယ်သွားတယ်။ သမီးဖြစ်သူလည်း တံခါးလာခေါက်တယ်။ ၇နာရီထိုးပြီးပြီဖြစ်တဲ့အတွက် ဘာမှစိုးရိမ်ဖို့မလိုအပ်တော့ကြောင်း၊ ညစာစားကြရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်းလာပြောတယ်။ ဒါပေမယ့်လည်း ဖခင်ဖြစ်သူကတော့နောက်ထပ် ၁၅မိနစ်ခန့်စောင့်ကြည့်ပြီးမှ လာခဲ့မယ်ဆိုတဲ့အကြောင်းပြန်ပြောလိုက်တယ်။ ဒီလိုနဲ့ ၇နာရီ ၁၅မိနစ်ဖြစ်တဲ့အချိန်မှာ အသက်ရှင်သန်နေသေးတဲ့အတွက် သူဟာအခန်းမှ ညစာစားခန်းသို့ သွားခဲ့တယ်။ Television က သတင်း Channel တခုကိုကြည့်ရင်း ညစာအတူစားနေကြတဲ့အချိန် ၇နာရီခွဲလောက်မှာ အမျိုးသမီးတစ်ဦး ဒီနေ့ည ၇နာရီတိတိအချိန်မှာ တိုက်ခန်းပေါ်က ရုတ်တရက်ပြုတ်ကျသေးဆုံးကြောင်း ရုပ်ပုံနှင့်တကွ သတင်းပြောကြားလိုက်တဲ့အချိန်မှာ သားအဖနှစ်ယောက်လုံး တီဗွီဖန်သားပြင်ကို မျက်တောင်မခက်ဘဲကြည့်ရင်း လွန်စွာအံသြသွားကြတယ်။ ပြုတ်ကျသေးဆုံးတဲ့အမျိုးသမီးဟာ ဖန်လုံးပိုင်ရှင် Gypsy အမျိုးသမီးကြီးဖြစ်နေတာကို Television မှာမြင်လိုက်ကြရတယ်။ တကယ်တော့ Gypsy အမျိုးသမီးဟာ ဖန်လုံးကိုကြည့်တဲ့အချိန်မှာ ဟိုအရင်က မမြင်ဘူးတဲ့ ပုံရိပ်တွေဖန်လုံးထဲမှာပေါ်နေတာတွေ့ရတယ်။ အရမ်းထူးဆန်းပေမယ့် သူမရဲ့အတွေ့အကြုံအရ ဆိုးရွာတဲ့ကံကြမ္မာတခုကြုံတော့မယ်ဆိုတာသိနိုင်တယ်။ အဲဒီကံကြမ္မာက အထက်ပါ အမျိုးသားအတွက်မဟုတ်ဘဲ သူမအတွက်ဖော်ပြနေတယ်ဆိုတာကိုတော့ သူမ မသိနိုင်ခဲ့ပါဘူး။


စာဖတ်သူများအားလုံးကို ကျေးဇူးတင်လျှက်

Dandy

Comments

Popular posts from this blog

ဆိုကရေးတီး ( Socrates ) စကားအချို့

I see the sky

Self Confidence ရှိသည်သော်လည်း တခါတရံ မလွန်ဆန်နို​င်သောကြောင်းများ၊ အများနှင့်သဟဇာတဖြ​စ်အောင်နေထိုင်ဖို့လိုအပ်လာလျှင်